Saturday 16 February 2013

ဟဒစ်တော်များ

“ဟဒီးစ်လေးတစ်ခုကို တင်ပြဆွေးနွေးပါမယ်။”
ကျွန်ုပ်တို့ငယ်ငယ်တုန်းက မဒ်ရာဆာကျောင်းလေးမှာ ဆရာတွေရဲ.သင်ပေးခဲ့မူကြောင့် ဟဒီးစ်လေးတစ်ခုကို နားလည်သဘောပေါက်ခဲ့ရပါတယ်။
ကျွန်တော်အခု မြန်မာလိုအသံထွက်ဖြင့် ရေးပြပါမယ်။(တွာ့လာဗွလ် အစ်လ်မိ ဖွာရီးဒွါတွန် အလားကွလ်လိမွတ်စ်လင်မ်) ထိုအချိန်ကနေ ယနေ့ထိ ဘာသာပြန်ထားတဲ့ မူရင်းအတိုင်းကိုလည်း ပြန်လည် တင်ပြပါ့မယ်။ အဓိပ္ပါယ်………… မွတ်စလင်မ် အမျိုးသား၊အမျိုးသမီးတိုင်းအတွက် သာသနာ့ပညာ သင်ယူခြင်းသည် မပြုမနေရ တာဝန်တစ်ရပ်ဖြစ်သည်။
“အေလင်မ်”ဆိုတဲ့ အရဗီအတိအကျ အဓိပ္ပါယ် က ဘသာသာရေးပညာတစ်ခုတည်းကိုပဲ ဆိုလိုထားတာမဟုတ်ပါဘူး။ အလ္လာဟ်အမိန်တော်တွေနဲ့မဆန့်ကျင်ပဲ အသိပညာ အတတ်ပညာနှင့် အသက်မွေးဝမ်းကြောင်း ပညာရပ်အားလုံးကို ဆိုလိုထားခြင်းဖြစ်ပါတယ်။ ဒီန်းသာသနာ ဆိုတာက အရမ်းကျယ်ပြန့်ပါတယ်။ဘာသာရေးတစ်ခုတည်းကို ဆိုလိုထားတာ မဟုတ်ပါဘူး။
တမန်တော်မြတ်ကြီး(ဆွ)လက်ထက်တုန်းကလည်း စစ်သုန်းဗန်းတွေ ဖမ်းမိတဲ့အချိန်မှာ စစ်သုံးဗန်းတွေကို မေးပါတယ်။ “ခင်ဗျားတို့ထဲမှ ဘယ်သူဟာ စာပေတွေကိုသင်ကြားပို့ချပေးနိုင်မလဲ ” ထိုသူတွေကို ကျွန်ုပ်လွတ်လပ်စွာ နေထိုင်ခွင့်ပေးမှာဖြစ်တယ်လို့ ခောတ်ပညာ သင်ပေးခြင်းကို ဆွာဟာဗာတွေအတွက် ပြုလုပ်ပေးခဲ့ပါတယ်။
အခုလို သာသနာ့ပညာအပြင် ဘာသာစကားများ အသက်မွေးဝမ်းကြောင်းပညာများကို သိရှိသင်ယူထားရန်မှာ ကျနော်တို့အားလုံးအပေါ်တာဝန်ရှိပါတယ်။
အဲသည်လိုလွဲမှားစွာ ဘာသာပြန်ကာ မျိုးဆက်သစ်တွေကို တိုးတတ်ရာတိုးတတ်ရေးအတွက် လမ်းစပိတ်ပစ်ခဲ့တာမို့
ယနေ့မြန်မာပြည်ရှိ အစ္စလာမ်တွေရဲ.အခြေအနေဟာ ကျွန်ုပ်တို့အသိပါပဲ။ ငယ်ရွယ်စဉ်မှာတော့ အတန်းပညာ သုံးလေးတန်းသာ ထားပေးပြီးနောက် အရဗီကျောင်းပို့ကာ ဟာဖီဇ်ဆပ်၊ မော်လ၀ီဆပ်၊ဖြစ်လာရေးအတွက် လိုလိုလားလားနဲ့ မျှော်ကိုးနေခဲ့တယ်လေ။ အတန်းပညာကို ဒွန္နယာရဲ.ပညာလို့သတ်မှတ်ကာ လုံးဝလှစ်လျူရှူခဲ့တယ်။နောက်ဆုံးသူတို့မျှော်လင့်
ထားခဲ့တဲ့ ဟာဖီဇ်ဆပ်၊ မော်လ၀ီဆပ် ဖြစ်လာခဲ့ပါတယ်။မိဘစီးပွားရေးအဆင်ပြေသူတွေက မိဘနှင့်အတူ ကုန်းရောင်းကုန်ဝယ် ၀ိုင်းလုပ်နေကြပြီး စီးပွားရေးအဆင်မပြေသော မိသားစုတွေကတော့ သူတစ်ပါးရဲ.၀န်ထမ်း ၊ ဆိုက်ကားသမား၊ ကုန်ထမ်းသမားနှင့် နိင်ငံရပ်ခြားသို့သွားရောက်ပြီး ကူလီ လုပ်ရတဲ့ဘ၀အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရာတာ ယနေ့ကျွန်တော်တို့ အသိပါပဲ။ အကယ်၍ ကျွန်ုပ်တို့သာ ငယ်ရွယ်စဉ်ကတည်းက အသက်မွေးဝမ်းကြောင်းပညာတစ်ခုခုကို သင်ယူခဲ့မယ်ဆိုရင် အခုလို အာလင်မ်ပညာရှင်ဘွဲ့ကို ရယူပြီးနောက် သူတစ်ပါးရဲ.ကူလီ၊ ကုန်ထမ်းသမား၊ အလုပ်သမား၊ဆိုက္ကားသမား ဘ၀မှ လွတ်မြှောက်စွာနဲ. သိက္ခာရှိရှိ အလုပ်တွေကိုလုပ်နိုင်မှာဖြစ်ပါတယ်။ အစ္စလာမ်ဘာသာကို လက်ခံထားသူတိုင်းရဲဘ၀ဟာ ငြိမ်းချမ်းခြင်းတွေနဲ.အတူ ကြွယ်ဝချမ်းသာခြင်း၊အောင်မြင်မူတွေကို ပိုင်ဆိုင်ထားနိုင်ခြင်းနှင့် မိမိဒေသ မိမိပတ်ဝန်းကျင်၌ သစ္စာသမာဓိရှိသူအဖြစ် အသိအမှတ်ပြုနေရာပေးလေးစားခြင်းကို ခံကြရမှာဖြစ်ပါတယ်။အဲသည်လိုအလေးပေးယုံကြည်မူတွေကို ရရှိစေရန်မှာ အရဗီကျောင်းတစ်ခုထဲပြီးထားလို.တော့မဖြစ်ပါဘူး။ တမန်တော်မြတ်(ဆွ)ကျင့်သုံးပြခဲ့တဲ့ ဘ၀နေနည်းအတိုင်း ဘက်စုံမှာတော်နေဖို.တော့လိုတယ်။ ထို့ကြောင့် ပြည့်ဝတဲ့အစ္စလာမ် ဘာသာဝင်တစ်ဦးအဖြစ် လူအများလက်ခံနိုင်ရန်အတွက် ခေတ်ပညာလို့ ထိုသူတွေသတ်မှတ်ထားတဲ့ ပညာရပ်တွေကို တတ်မြှောက်ထားဖို့တော့လိုပါလိမ့်မယ်။အကယ်၍ သင်ယူထားခြင်းမရှိဘူးဆိုရင်တော့ မိမိချမ်းသာကြွယ်ဝလို့လူကြီးဖြစ်သော်ငြာလည်း သူတစ်ပါးရဲ.လိမ်လည် လည့်ဖျားမူကို ခံရမှာဖြစ်တယ်။
ထို့ကြောင့်တမန်တော်မြတ်(ဆွ)ရှိစဉ်အခါတုန်းကလို ပြည့်ဝတဲ့အစ္စလာမ့်တွေဖြစ်လာရန်မှာ
နံပါတ် ၁။ မိမိကိုယ့်မိမိအစ္စလာမ့်ခေါင်းဆောင်ပါလို့လက်ခံထားသူတိုင်းဟာ ကုန်အာန်နှင့်စွန္နာဟ်ကို
သဘောပေါက်နာလည်ရမည်။ကိစ္စရပ်တိုင်းအပေါ် တရားမျှတစွာဖြေရှင်းပေးတတ်ရမည်။
၂။ အင်္ဂလိပ်စာနှင့်ကွန်ပျူတာ အင်တာနက် သတင်းအချက်အလက်တို့ကို ကျွမ်းကျင်စွာ ပြောဆိုနားလည်
အသုံးပြုတတ်ရမည်။မီဒီယာကနေတဆင့် အစ္စလာမ့်ကိုကမ္ဘာကသိလာအောင် “ဒါအ်ဝါဟ်”လုပ်နိုင်ရမည်။
၃။ (တက္က၀ါ)ခေါ်အလ္လာဟ်သိစိတ်ဖြင့် မကောင်းမူများနှင့် မတရားသောကိစ္စရပ်တွေကို ရှောင်ကြဉ်နိုင်ရမည်။
(ဆွဗရ်)ခေါ်သည်းခံတရားကိုလက်ကိုင်ထားပြီး (ရှကုရ်)ခေါ်ကျေးဇူးသိတတ်သောစိတ်ကို မွေးမြူနိုင်ရမည်။
အဲသည်လို အရည်အချင်းတွေနဲ့ရှိနေပြီးဆိုရင်တော့ ကျွန်တော်တို့ရဲ.အစ္စလာမ့်လူနေမူစနစ်ကြီးဟာ သိသိသာသာ တိုးတတ်လာတော့မှာ ဖြစ်ပါတယ်။ရပ်ကွက်မြို.ရွာရှိ တာဝန်ခံအကြီးအကဲတွေဟာ ကိုယ့်အစ္စလာမ်တွေဖြစ်လာပြီး အစ္စလာမ်ရဲ.
ခြိမ်းချမ်းရေးအနှစ်ချုပ်ကို လူတိုင်းလူတိုင်း မြင်တွေ့ခံစားရမှာဖြစ်ပါတယ်။
တို့အစ္စလာမ်တွေ ငြိမ်းချမ်မူအပေါင်းနှလုံးသွင်းပြီး ကမ္ဘာ့စံပြတွေဖြစ်လာဖို့အတွက် တင်းပြည့်ကျပ်ပြည့် ဘက်စုံမှာ ထူးချွန်သူတွေဖြစ်ဖို.လိုအပ်ပါတယ်။

No comments:

Post a Comment