Saturday 16 February 2013

အစ္စလာမ်

ယနေ.ကျနော် လွယ်ကူစွာဖြင့်သာသနာ့ပညာများကို လေ့လာသင်ယူပြီး
ပြည့်ဝသောအရည်အချင်းများကို ပိုင်ဆိုင်ထားနိုင်ရန်အတွက် (စနစ်သစ်ပညာရေးကို)
အကြံပြု မျှဝေလိုက်ပါတယ်။
လူနေမူစနစ်တစ်ခုလုံး တိုးတတ်မြင့်မားလာစေရန်အတွက် အဓိကသောချက်ဖြစ်တဲ့
ပြည့်ဝသော သာသနာ့ပညာတို့နှင့်အတူ အသက်မွေးဝမ်းကြောင်းပညာရပ်များကို
တတ်မြှောက်ထားရမှာဖြစ်ပါတယ်။ ထို.ကြောင့် ကျွန်တော်တို့ အစ္စလာမ့်ညီတွေရဲ့ဘ၀ရပ်တည်မူ
စနစ်ကြီး တိုးတက်ပြောင်းလဲ လာနိုင်စေရန်အတွက် လက်ရှိမြန်မာပြည်တစ်ဝန်းမှာရှိနေတဲ့ (အရဗီ)
ကျောင်းတွေကနေတဆင့် သာသနာ့ပညာတို့နှင့်အတူ နောက်ဆုံးနှစ် ကျောင်းသား/ကျောင်းသူတို့အား အသက်မွေးဝမ်းကျောင်းပညာတွေကို သင်ပေးခြင်းဖြင့် မြင့်တင်ရမှာဖြစ်ပါတယ်။ ဘာကြောင့် အရဗီကျောင်းကနေ
တဆင့် အသင်မွေးဝမ်းကြောင်းပညာတွေကို သင်ပေးရန်တိုက်တွန်းနေရသလဲဆိုရင် ကျနော်အချက် နှစ်ချက်နဲ့
ရှင်းပြပါမယ်။ ပထမ တစ်ချက်က မြန်မာပြည်ရှိ မွတ်စလင်မ်မိသားစုဝင် အတော်များများဟာ သားယောက်ျားလေး
တွေမွေးလာရင် ဟာဖွီဇ်ဆပ်လေး မော်လ၀ီဆပ်လေးဖြစ်စေချင်ကြကာ အတန်းပညာ သုံးလေးတန်း တတ်ရောက်ပြီးသည့်နောက်
အရဗီကျောင်းသို့ပို့ကာ သာသနာ့အမွေကိုဆက်ခံမည့် သာသနာ့ပညာရှင်များ ဖြစ်လာကြရန်မျှော်လင့်နေခဲ့ကြပါတယ်။
ထို့ကြောင့်အနာဂတ်ကို ဦးဆောင်မယ့်သူတစ်ချို.ဟာ အရဗီကျောင်းတွေမှာ သာသနာ့ပညာတွေကို
လေ့လာဆည်းပူးရန် ရောက်နေခြင်းကြောင့်ပါပဲ။ အရဗီကျောင်းတတ်နေတဲ့ ကျောင်းသားတွေဟာ တစ်ခြားအသက်မွေးဝမ်းကြောင်း ပညာရပ်တွေကို ကျွန်ုပ်တို့ကသာ သင်ပေးခဲ့မယ်ဆိုရင် အချိန်တိုအတွင်းမှာ ကျွမ်းကျင်စွာ
နာယူတတ်မြှောက် လာနိင်တယ်ဆိုတာ ကျနော်ယုံကြည်ပါတယ်။အသက်မွေးဝမ်ကြောင်းပညာတစ်ခုခုကို တတ်မြှောက်ထားမယ်ဆိုရင် ဟာဖီဇ်ကျောင်း မော်လ၀ီကျောင်း တတ်ရောက်ပြီးဆုံးသည့်နောက်ပိုင်းတွင် ဆိုက္ကားသမားရဲ့ဘ၀၊ကူလီသမားရဲ့ဘ၀တွေကနေ လွတ်မြောက်ပြီး ပညာရှင်တစ်ယေါက်ပီပီ လူပုံအလှည်မှာ သိက္ခာရှိစွာနဲ့ လျှောက်လမ်းနိုင်မှာဖြစ်ပါတယ်။ ဒုတိယ တစ်ချက်ကတော့ အစ္စလာမ်ဆိုတာဟာ ငြိမ်းချမ်းရေးပြုလုပ်ခြင်း၊အလ္လာဟ်အရှင်မြတ်၏အမိန့်တော်တွေကို လိုက်နာခြင်း ဖြစ်တာကြောင့် အစ္စလာမ်ရဲ့အရှိတရားတွေကို
လက်ခံယုံကြည်ပြီး ယနေ့မွတ်စလင်မ်အဖြစ် ရပ်တည်ခံယူထားကြတဲ့ ကျွန်တော်တို့မွတ်စလင်မ်တွေဟာ ပြည့်ဝတဲ့ငြိမ်းချမ်းရေးတွေ ကျွန်ုပ်တို့ဆီမှာလဲရှိရမယ်၊ အများသူငှာတွေကိုလည်း အေးမျှမူတွေပေးနိုင်ရန်အတွက် ဘက်စုံမှာ
သာလွန်ထူးကဲမူတွေရှိထားရမှာဖြစ်ပါတယ်။ သို.မှသာလျှင် ကျွန်ုပ်တို့ဟာ ကမ္ဘာကြီးရဲ့တစ်စိတ်တဒေသကို အေးမြမူတွေ
ပေးရာလည်းရောက်ပြီး အနန္တမဟာဂရုဏာတော်ရှင် အလ္လာဟ်အရှင်မြတ်၏အမိန်တော်များကိုလည်း လိုက်နာရာရောက်မှာ
ဖြစ်တယ်။ ထို့ကြောင့် လက်ရှိအရဗီကျောင်းတွေရဲ့ပညာရေးကို လေ့လာကြည့်တဲ့အချိန်မှာတော့ တစ်ခြားနိုင်ငံတွေရဲ့ပညာရေးတွေနဲ.အလွန်ကွာဟနေတာကို သတိချပ်မိပါတယ်။ကွာဟတဲ့ အကြောင်းရင်းကတော့
နည်းပညာစနစ်တွေ အလွန်ထွန်းကားနေတဲ့ခေတ်ကြီးမှာ ကွန်ပျူတာ အင်တာနက်ကိုမသုံးတတ်ခြင်း၊ မသိခြင်းအားဖြင့်
သာသနာ့ပညာရပ်များကို လေ့လာသင်ယူရာမှာ အလွန်နှေးကွေးနေရတာဖြစ်ပါတယ်။ဥပမာ-ဆိုရသော် ကျမ်တော်မြတ်ကုရ်အာန်ထဲကသော်လည်းကောင်း ဟဒီးစ်ကျမ်းကြီး ၆ ကျမ်းထဲမှ ကျမ်းတစ်ကျမ်းဖြစ်တဲ့
ဗိုခါရီကျမ်းကနေသော်လည်းကောင်း အကြောင်းအရာတစ်ခုခုနဲ့ပတ်သက်ပြီး သိချင်လို့ပြန်လေ့လာတော့မယ်ဆိုရင် စာအုပ်ကြီးငယ် ရှာဖွေကာ စန်းတ၀ါးဝါးဖြင့် အချိန်တွေကုန် အခက်ခဲတွေနဲ့ ရင်ဆိုင်နေရတာ ကျွန်ုပ်တို့အားလုံးအသိပါပဲ။ အကယ်၍ ကွန်ပျူတာကို အသုံးပြုတတ်မယ်၊ စီဒီလေ့လာတာတွေကိုသိရှိထားမယ်၊ အင်တာနက် အသုံးပြုတာတွေကို
သဘောပေါက်နားလည်ထားမယ်ဆိုရင် ၅မိနစ်အတွင်းမှာ မိမိသိချင်တာတွေကို သိနိုင်မှာဖြစ်ပါတယ်။ အားလုံးပဲ နှိုင်းယှဉ်စဉ်းစားကြည့်ကြပါ။ အဲသည်လိုလွယ်ကူမူတွေကို ကျောင်းသားတွေအားလုံးက သိထားတတ်ထားကြမယ်ဆိုရင်
ဘယ်လောက် ပျော်ရွှင်ကြည်နူးဖို့ကောင်းသလဲ။ quran.noble@gmail.com ဆိုတာလေးကို မိမိ Gtalk အထဲမှာ Invite
လုပ်ထားလိုက်မယ်ဆိုရင် မိမိသိချင်တဲ့ကုန်အာန်ထဲက စူရာဟ်နဲ့ အယသ်နံပါတ်လေးကိုသာ ရိုက်ထည့်ပြီးမေးလိုက်ရင် သူက ရအဓိပ္ပါယ်နှင့်တကွ ရှင်းလင်းပေးတာကို ၀မ်းမြှောက်ပျော်ရွှင်စွာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ထို့အတူပဲ ကျမ်းတော်မြတ်ကုရ်အာန်ကို အလွတ်ကျက်နေတဲ့ ဟာဖွီဇ်တွေအတွက်လည်း ကုရ်အာန်အရဗီစာသားကို ကျက်ရင်း စူရာဟ်တွေရဲ.အမည်နဲ့ အဓိပ္ပါယ်တွေကိုပါ သိရှိနားလည်ပြီး တစ်ခါတည်းမှတ်သွားလို့ရတဲ့နည်းစနစ်တွေ ယနေ့ကမ္ဘာမှာ သုံးနေပါပြီး၊ဒါတွေမကသေပါဘူး မိမိကျက်နေချိန်မှာ မိမိရဲ့အသံနေအသံထားကို ပြုပြင်လေ့ကျင့်ယူလို့ရတဲ့ စနစ်တွေလည်းရှိသေးပါတယ်။ အခုလိုအလွန့်အလွန်လွယ်ကူ မြန်ဆန်တဲ့နည်းစနစ်တွေကို အသုံးပြုတတ်ဖို့က ကွန်ပျူတာကို သုံးတတ်ရမယ်၊အင်္ဂလိပ်စာပေကိုလည်း နားလည်ရမှာဖြစ်ပါတယ်။
အရဗီကျောင်းတွေမှာ ပညာသင်ယူဆည်းပူးပြီးနောက် ဘွဲ့လက်မှတ်မပေးခင်အရင် ဘယ်သူဟာ ဘယ်အလုပ်မျိုးကို ၀ါသနာပါသလဲ ၀ါသနာပါရာကို ကျွမ်းကျင်စွာတတ်မြောက်သည့်အထိ သင်ယူဆည်းပူမှသာလျှင် ဘွဲ့လက်မှတ်ကို ပညာရပ်ထူးချွန်အောင်လက်မှတ်နှင့်အတူ အပ်နှင်းခဲ့မယ်ဆိုရင်တော့ ကျနော့တို့ ညီနောင်တွေအတွက် အလွန်မှအဖိုးတန်သော အောင်မြင်မူတွေကို ပိုင်ဆိုင်ပြီး မွေးရပ်ဇာတိ မိမိအိမ်သို့ပြန်နိုင်မှာဖြစ်ပါတယ်။
မှတ်ချက် ။ ။(၁)ကွန်ပျူသုံးတတ် အင်တာနက်သုံးတတ်တာဟာ ကွန်ပျူတာအင်တာနက်ပေါ်၌ ဖဲရိုက်ဂိမ်းကစားဖို့မဟုတ်ပါဘူး။ ဂျီတော့ပ်တွေမှာ အဓိပ္ပါယ်ကင်းမဲ့သော အလုပ်ကိစ္စတွေကိုလုပ်ပြီး အချိန်ဖြုန်းတီးနေဖို့အတွက်မဟုတ်ပါဘူး။ ၀က်ဘ်ဆိုဒ်တွေမှာ မကောင်းသော အာရုံခံကိစ္စတွေကို ကြည့်ရှူလေ့လာနေဖို့အတွက်မဟုတ်ပါဘူး။
(၂)၀ါသနာပါရာ အလုပ်ဟုဆိုရာ၌ ဥပမာ-ကွန်ပျူတာ အင်တာနက်နှင့်သက်ဆိုင်သောပညာရပ်များ၊ အီလက်ထရောနစ်ပစ္စည်းများဖြစ်တဲ့တီဗွီ၊ကက်ဆက်၊ရေဒီယို၊ဗီစီဒီ၊ဒီဗီဒီ၊ရေဒီယို၊ရေခဲသေတ္တာ၊မီးပူ၊
ထမင်းပေါင်းအိုး၊အ၀တ်လျှော်စက်၊အဲယာကွန်း၊တယ်လီဖုန်း၊ဟမ်ဖုန်၊နာရီ အစရှိသည်ဖြင့် အီလက်ထရောနစ်ပစ္စည်းပြုပြင်ခြင်းအတတ်ပညာများ၊ စားသောက်ဆိုင်လုပ်ငန်းများ၊အချက်အပြုတ်အတတ်ပညာလုပ်ငန်းများ၊စာရင်းဇယားပြုစုနည်းအတတ်ပညာ
များ၊ကုန်ထုပ်လုပ်မူ
အတတ်ပညာများ၊ဘာသာစကား သင်ကြားပို့ချမူအတတ်ပညာများနှင့် ကောင်းမွန်သော အတတ်ပညာအားလုံးကိုဆိုလိုထားခြင်းဖြစ်ပါသည်။ မိတ်ဆွေအားလုံးကို အထူးကျေးဇူးတင်လျှက်——-

No comments:

Post a Comment