Saturday 16 February 2013

အားဆေးတစ်ခွပ်

*:*လူသားတိုင်း အလွယ်တကူသောက်သုံးနိုင်ရန်အတွက် ကျွန်တော်အားဆေးလေး တစ်ခွက်ကို ဝေမျှလိုက်ပါတယ်။*:*
အမှန်စင်စင်လူသားဟာ လူ့လောကကြီးထဲသို့  ရှုံးနိမ့်ဖို့အတွက် မွေးဖွားလာတာ မဟုတ်ပါဘူး။ အောင်မြင်မူတွေကို ပိုင်ဆိုင်ဖို့အတွက် မွေးဖွားလာတာပါ။
ဘ၀မှာဆုံးရှုံးခဲရတယ်ဆိုတာ မရှိပါဘူး၊ မိမိဖြတ်ကျော်ခဲ့ရတဲ့ ပတ်ဝန်းကျင် လုပ်ငန်းတွေအပေါ် အလွန်တန်ဖိုးရှိတဲ့ ဘ၀သင်ခန်းစာတွေကို အရင်းအနှီအဖြစ် ရရှိလိုက်တာပဲဖြစ်ပါတယ်။
သတ္တ၀ါတွေအားလုံးထဲ၌ လူသားဟာ ဆင်ခြင်တုံးတရားကို ပိုင်ဆိုင်ထားတာကြောင့် အရာရာမှာ စွမ်းဆောင်ရည် ပိုမိုထူးခြားစွာ ရရှိနေခြင်းဖြစ်ပါတယ်။
လူသားဟာတခါတရံ စိတ်ဓါတ်ကျရောဂါ စွဲကပ်နေတတ်ပါတယ်။ အဲသည်လို စိတ်ဓါတ်ကျရောဂါ စိတ်နှလုံးထဲလွမ်းမိုးနေချိန်မှာတော့ ဖြစ်လေ့ဖြစ်တတ်ရှိတဲ့ စိတ်ခံစားမူတွေရှိပါတယ်။ ဥပမာ- မိမိကိုယ်ကို ယုံကြည်စိတ်ချမူ အားနည်းလာခြင်း၊ မိမိလုပ်နေသော လုပ်ငန်းတွေအပေါ် ယုံကြည်မူအားနည်းလာခြင်း၊ပျက်စီးဆုံးရှုံးမူတွေနဲ့ယဉ်ဆိုင်ရမှာကို ကြိုတွေးပြီး
စိုးရိမ်နေရခြင်း၊ တစ်ဦးတစ်ယေါက်ရဲ. အပျက်မြင်သော စကားများကြောင့် သေခြာစွာ ချမှတ်ထားသော မိမိရဲ. စိတ်ကူးယဉ် အိပ်မက်များ စန်းတ၀ါးဝါး ဖြစ်နေရခြင်း၊အောင်မြင်မူပန်းတိုင် ရောက်ရန်အတွက် မိမိလျှောက်လမ်းနေသော ပန်းတိုင် ပျောက်ဆုံးခဲ့ရခြင်းတို့ဖြစ်တတ်ပါတယ်။
အခုလို စိတ်ဓါတ်ကျခြင်းနှင့် စိတ်ခံစားမူတွေကနေ ကင်းလွတ်စွာနေနိုင်ဖို့အတွက်……………………………
မိတ်ဆွေ —  အသင်ဘယ်တော့မှ စိတ်ဓါတ်မကျပါနဲ့။ အမှန်စင်စစ် အသင်ကြုံတွေ့ရင်ဆိုင်နေရသော အခက်ခဲဆိုတာတွေ၊ အသင်စိတ်အလိုမကျဖြစ်နေရတဲ့ အဆင်မပြေမူတွေအားလုံးဟာ အသင်နှင့်အတူ အမြဲထာဝရ ရှိမနေပါဘူး။ အချိန်၊ နာရီ ၊ နက်ဖြန်ဆိုတာတွေ ပြောင်းလွဲသွားပြီ ဆိုတာနဲ့ အသင့်အတွက် လွယ်ကူမူများ  စိတ်ချမ်းသာမူများဟာ အလုံးအနှင်း ၀င်ရောက်လာမှာ ဖြစ်ပါတယ်။
ဒုက္ခ ဆိုတဲအရာလည်း သည်အတိုင်းပါပဲ။ ဒုက္ခလို့ထင်ထားတဲ့အရာတွေ အားလုံးဟာ အမှန်တကယ်မှာတော့ တိမ်တိုက်များ နှင်းထုများကဲ့သို့ပါပဲ။
တိမ်တိုက်နဲ့ နှင်းထုလေးတွေဟာဆိုရင် အဝေးကနေလှမ်းကြည့်ခြင်းအားဖြင့် အုပ်မှိုင်းထူထပ်စွာရှိနေတာကို တွေ့ရမှာဖြစ်ပြီး အနီးအနားသို့သွားရောက် ကြည့်မယ်ဆိုရင်တော့ ရေအငွေ့အသက်လေးများ ဖြစ်နေတယ်ဆိုတာကို            မြင်တွေ့ရမှာဖြစ်ပါတယ်။
အသင့်အတွက်အချိန်တွေကုန်သွားပါပြီးလို့ မသတ်မှတ်လိုက်ပါနဲ့။ အချိန်တွေဟာ အသင့်ရဲ့ ကြိုးစားရုန်းကန်မူအပေါ် မူတည်နေပါတယ်။                လူတိုင်းဟာ ၀မ်းစာရရှိရေးအတွက် အလုပ်တစ်ခုကို နေ့စဉ်လုပ်နေရပါတယ်။ ကျန်တဲ့အချိန်တွေမှာတော့ မိမိဘ၀အောင်မြင်ရေးအတွက် ကိုယ်တိုင်ကြိုးစားလေ့လာသင်ယူနေရမယ်လေ။
အသင် ဘယ်အလုပ်ကိုမဆို ငါမလုပ်နိုင်ပါဘူးလို့ မသတ်မှတ်လိုက်ပါနဲ့။ အကယ်၍ အသင်မလုပ်နိုင်ပါဘူးလို့ သတ်မှတ်လိုက်တဲ့ အရာတွေအားလုံးဟာ  လက်တွေ့ဘ၀မှာ အသင်ဘယ်လိုမှ လုပ်လာနိုင်လိမ့်မှာမဟုတ်ပါဘူး။
ငယ်ရွယ်ချိန်မှာ အသင့်ကိုယ်အသင် ခိုင်းနိုင်အောင်ကြိုးစားပါ။ ငယ်ရွယ်ချိန်မှာ အသင့်ကိုယ်အသင် မခိုင်းခဲ့ရင်တော့ အသက်ရွယ် အိုမင်းချိန်မှာ အသင်သူများ ခိုင်းတာတွေကို လုပ်နေရပါလိမ့်မယ်။
အသင့်မှာ တိကျတဲ့ ပန်းတိုင်  ရေရည်၊ရေတို စီမံကိန်း၊ တိကျတဲ့ စိတ်ကူးယဉ် အိပ်မက်တွေ ရှိထားဖို့လိုအပ်ပါလိမ့်မယ်။ အကယ်၍ ဤအရာတွေ အသင့်ဆီမှာ မရှိခဲ့ဘူးဆိုရင်တော့ တိကျတဲ့ ပန်းတိုင်  စိတ်ကူးယဉ်အိပ်မက် ရှိသူတွေရဲ.ခိုင်းစေမူကို အသင်ခံရပါလိမ့်မယ်။
အသင်သာ စိတ်ချမ်းသာမူတွေနဲ.အတူ အောင်မြင်မူတွေကို အမြဲထာဝစဉ် မြင်တွေ့ခံစားချင်တယ်ဆိုရင်တော့ (အကောင်းမြင်ဝါဒ)ထားခြင်းကို နှလုံးသွင်း လက်ကိုင်ထားလိုက်ပါ။
ကျွန်ုပ် သေချာတာ တစ်ခုပြောရဲပါတယ်………….. အသင်သာလျှင် နေ့စဉ်နေ့တိုင်း အသင့်စိတ်ကို အသင် ကြည်လင်အောင်ထားနိင်မယ်ဆိုရင် မနက်တိုင်း မနက်တိုင်းဟာ အသင့်အတွက် ပျော်ရွှင်သော မနက်ခင်းများ အောင်မြင်မူတွေ ပိုင်ဆိုင်နိုင်သော မနက်ခင်းများ ဖြစ်လာမှာသေချာပါတယ်။

ဟဒစ်တော်များ

“ဟဒီးစ်လေးတစ်ခုကို တင်ပြဆွေးနွေးပါမယ်။”
ကျွန်ုပ်တို့ငယ်ငယ်တုန်းက မဒ်ရာဆာကျောင်းလေးမှာ ဆရာတွေရဲ.သင်ပေးခဲ့မူကြောင့် ဟဒီးစ်လေးတစ်ခုကို နားလည်သဘောပေါက်ခဲ့ရပါတယ်။
ကျွန်တော်အခု မြန်မာလိုအသံထွက်ဖြင့် ရေးပြပါမယ်။(တွာ့လာဗွလ် အစ်လ်မိ ဖွာရီးဒွါတွန် အလားကွလ်လိမွတ်စ်လင်မ်) ထိုအချိန်ကနေ ယနေ့ထိ ဘာသာပြန်ထားတဲ့ မူရင်းအတိုင်းကိုလည်း ပြန်လည် တင်ပြပါ့မယ်။ အဓိပ္ပါယ်………… မွတ်စလင်မ် အမျိုးသား၊အမျိုးသမီးတိုင်းအတွက် သာသနာ့ပညာ သင်ယူခြင်းသည် မပြုမနေရ တာဝန်တစ်ရပ်ဖြစ်သည်။
“အေလင်မ်”ဆိုတဲ့ အရဗီအတိအကျ အဓိပ္ပါယ် က ဘသာသာရေးပညာတစ်ခုတည်းကိုပဲ ဆိုလိုထားတာမဟုတ်ပါဘူး။ အလ္လာဟ်အမိန်တော်တွေနဲ့မဆန့်ကျင်ပဲ အသိပညာ အတတ်ပညာနှင့် အသက်မွေးဝမ်းကြောင်း ပညာရပ်အားလုံးကို ဆိုလိုထားခြင်းဖြစ်ပါတယ်။ ဒီန်းသာသနာ ဆိုတာက အရမ်းကျယ်ပြန့်ပါတယ်။ဘာသာရေးတစ်ခုတည်းကို ဆိုလိုထားတာ မဟုတ်ပါဘူး။
တမန်တော်မြတ်ကြီး(ဆွ)လက်ထက်တုန်းကလည်း စစ်သုန်းဗန်းတွေ ဖမ်းမိတဲ့အချိန်မှာ စစ်သုံးဗန်းတွေကို မေးပါတယ်။ “ခင်ဗျားတို့ထဲမှ ဘယ်သူဟာ စာပေတွေကိုသင်ကြားပို့ချပေးနိုင်မလဲ ” ထိုသူတွေကို ကျွန်ုပ်လွတ်လပ်စွာ နေထိုင်ခွင့်ပေးမှာဖြစ်တယ်လို့ ခောတ်ပညာ သင်ပေးခြင်းကို ဆွာဟာဗာတွေအတွက် ပြုလုပ်ပေးခဲ့ပါတယ်။
အခုလို သာသနာ့ပညာအပြင် ဘာသာစကားများ အသက်မွေးဝမ်းကြောင်းပညာများကို သိရှိသင်ယူထားရန်မှာ ကျနော်တို့အားလုံးအပေါ်တာဝန်ရှိပါတယ်။
အဲသည်လိုလွဲမှားစွာ ဘာသာပြန်ကာ မျိုးဆက်သစ်တွေကို တိုးတတ်ရာတိုးတတ်ရေးအတွက် လမ်းစပိတ်ပစ်ခဲ့တာမို့
ယနေ့မြန်မာပြည်ရှိ အစ္စလာမ်တွေရဲ.အခြေအနေဟာ ကျွန်ုပ်တို့အသိပါပဲ။ ငယ်ရွယ်စဉ်မှာတော့ အတန်းပညာ သုံးလေးတန်းသာ ထားပေးပြီးနောက် အရဗီကျောင်းပို့ကာ ဟာဖီဇ်ဆပ်၊ မော်လ၀ီဆပ်၊ဖြစ်လာရေးအတွက် လိုလိုလားလားနဲ့ မျှော်ကိုးနေခဲ့တယ်လေ။ အတန်းပညာကို ဒွန္နယာရဲ.ပညာလို့သတ်မှတ်ကာ လုံးဝလှစ်လျူရှူခဲ့တယ်။နောက်ဆုံးသူတို့မျှော်လင့်
ထားခဲ့တဲ့ ဟာဖီဇ်ဆပ်၊ မော်လ၀ီဆပ် ဖြစ်လာခဲ့ပါတယ်။မိဘစီးပွားရေးအဆင်ပြေသူတွေက မိဘနှင့်အတူ ကုန်းရောင်းကုန်ဝယ် ၀ိုင်းလုပ်နေကြပြီး စီးပွားရေးအဆင်မပြေသော မိသားစုတွေကတော့ သူတစ်ပါးရဲ.၀န်ထမ်း ၊ ဆိုက်ကားသမား၊ ကုန်ထမ်းသမားနှင့် နိင်ငံရပ်ခြားသို့သွားရောက်ပြီး ကူလီ လုပ်ရတဲ့ဘ၀အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရာတာ ယနေ့ကျွန်တော်တို့ အသိပါပဲ။ အကယ်၍ ကျွန်ုပ်တို့သာ ငယ်ရွယ်စဉ်ကတည်းက အသက်မွေးဝမ်းကြောင်းပညာတစ်ခုခုကို သင်ယူခဲ့မယ်ဆိုရင် အခုလို အာလင်မ်ပညာရှင်ဘွဲ့ကို ရယူပြီးနောက် သူတစ်ပါးရဲ.ကူလီ၊ ကုန်ထမ်းသမား၊ အလုပ်သမား၊ဆိုက္ကားသမား ဘ၀မှ လွတ်မြှောက်စွာနဲ. သိက္ခာရှိရှိ အလုပ်တွေကိုလုပ်နိုင်မှာဖြစ်ပါတယ်။ အစ္စလာမ်ဘာသာကို လက်ခံထားသူတိုင်းရဲဘ၀ဟာ ငြိမ်းချမ်းခြင်းတွေနဲ.အတူ ကြွယ်ဝချမ်းသာခြင်း၊အောင်မြင်မူတွေကို ပိုင်ဆိုင်ထားနိုင်ခြင်းနှင့် မိမိဒေသ မိမိပတ်ဝန်းကျင်၌ သစ္စာသမာဓိရှိသူအဖြစ် အသိအမှတ်ပြုနေရာပေးလေးစားခြင်းကို ခံကြရမှာဖြစ်ပါတယ်။အဲသည်လိုအလေးပေးယုံကြည်မူတွေကို ရရှိစေရန်မှာ အရဗီကျောင်းတစ်ခုထဲပြီးထားလို.တော့မဖြစ်ပါဘူး။ တမန်တော်မြတ်(ဆွ)ကျင့်သုံးပြခဲ့တဲ့ ဘ၀နေနည်းအတိုင်း ဘက်စုံမှာတော်နေဖို.တော့လိုတယ်။ ထို့ကြောင့် ပြည့်ဝတဲ့အစ္စလာမ် ဘာသာဝင်တစ်ဦးအဖြစ် လူအများလက်ခံနိုင်ရန်အတွက် ခေတ်ပညာလို့ ထိုသူတွေသတ်မှတ်ထားတဲ့ ပညာရပ်တွေကို တတ်မြှောက်ထားဖို့တော့လိုပါလိမ့်မယ်။အကယ်၍ သင်ယူထားခြင်းမရှိဘူးဆိုရင်တော့ မိမိချမ်းသာကြွယ်ဝလို့လူကြီးဖြစ်သော်ငြာလည်း သူတစ်ပါးရဲ.လိမ်လည် လည့်ဖျားမူကို ခံရမှာဖြစ်တယ်။
ထို့ကြောင့်တမန်တော်မြတ်(ဆွ)ရှိစဉ်အခါတုန်းကလို ပြည့်ဝတဲ့အစ္စလာမ့်တွေဖြစ်လာရန်မှာ
နံပါတ် ၁။ မိမိကိုယ့်မိမိအစ္စလာမ့်ခေါင်းဆောင်ပါလို့လက်ခံထားသူတိုင်းဟာ ကုန်အာန်နှင့်စွန္နာဟ်ကို
သဘောပေါက်နာလည်ရမည်။ကိစ္စရပ်တိုင်းအပေါ် တရားမျှတစွာဖြေရှင်းပေးတတ်ရမည်။
၂။ အင်္ဂလိပ်စာနှင့်ကွန်ပျူတာ အင်တာနက် သတင်းအချက်အလက်တို့ကို ကျွမ်းကျင်စွာ ပြောဆိုနားလည်
အသုံးပြုတတ်ရမည်။မီဒီယာကနေတဆင့် အစ္စလာမ့်ကိုကမ္ဘာကသိလာအောင် “ဒါအ်ဝါဟ်”လုပ်နိုင်ရမည်။
၃။ (တက္က၀ါ)ခေါ်အလ္လာဟ်သိစိတ်ဖြင့် မကောင်းမူများနှင့် မတရားသောကိစ္စရပ်တွေကို ရှောင်ကြဉ်နိုင်ရမည်။
(ဆွဗရ်)ခေါ်သည်းခံတရားကိုလက်ကိုင်ထားပြီး (ရှကုရ်)ခေါ်ကျေးဇူးသိတတ်သောစိတ်ကို မွေးမြူနိုင်ရမည်။
အဲသည်လို အရည်အချင်းတွေနဲ့ရှိနေပြီးဆိုရင်တော့ ကျွန်တော်တို့ရဲ.အစ္စလာမ့်လူနေမူစနစ်ကြီးဟာ သိသိသာသာ တိုးတတ်လာတော့မှာ ဖြစ်ပါတယ်။ရပ်ကွက်မြို.ရွာရှိ တာဝန်ခံအကြီးအကဲတွေဟာ ကိုယ့်အစ္စလာမ်တွေဖြစ်လာပြီး အစ္စလာမ်ရဲ.
ခြိမ်းချမ်းရေးအနှစ်ချုပ်ကို လူတိုင်းလူတိုင်း မြင်တွေ့ခံစားရမှာဖြစ်ပါတယ်။
တို့အစ္စလာမ်တွေ ငြိမ်းချမ်မူအပေါင်းနှလုံးသွင်းပြီး ကမ္ဘာ့စံပြတွေဖြစ်လာဖို့အတွက် တင်းပြည့်ကျပ်ပြည့် ဘက်စုံမှာ ထူးချွန်သူတွေဖြစ်ဖို.လိုအပ်ပါတယ်။

အစ္စလာမ်

ယနေ.ကျနော် လွယ်ကူစွာဖြင့်သာသနာ့ပညာများကို လေ့လာသင်ယူပြီး
ပြည့်ဝသောအရည်အချင်းများကို ပိုင်ဆိုင်ထားနိုင်ရန်အတွက် (စနစ်သစ်ပညာရေးကို)
အကြံပြု မျှဝေလိုက်ပါတယ်။
လူနေမူစနစ်တစ်ခုလုံး တိုးတတ်မြင့်မားလာစေရန်အတွက် အဓိကသောချက်ဖြစ်တဲ့
ပြည့်ဝသော သာသနာ့ပညာတို့နှင့်အတူ အသက်မွေးဝမ်းကြောင်းပညာရပ်များကို
တတ်မြှောက်ထားရမှာဖြစ်ပါတယ်။ ထို.ကြောင့် ကျွန်တော်တို့ အစ္စလာမ့်ညီတွေရဲ့ဘ၀ရပ်တည်မူ
စနစ်ကြီး တိုးတက်ပြောင်းလဲ လာနိုင်စေရန်အတွက် လက်ရှိမြန်မာပြည်တစ်ဝန်းမှာရှိနေတဲ့ (အရဗီ)
ကျောင်းတွေကနေတဆင့် သာသနာ့ပညာတို့နှင့်အတူ နောက်ဆုံးနှစ် ကျောင်းသား/ကျောင်းသူတို့အား အသက်မွေးဝမ်းကျောင်းပညာတွေကို သင်ပေးခြင်းဖြင့် မြင့်တင်ရမှာဖြစ်ပါတယ်။ ဘာကြောင့် အရဗီကျောင်းကနေ
တဆင့် အသင်မွေးဝမ်းကြောင်းပညာတွေကို သင်ပေးရန်တိုက်တွန်းနေရသလဲဆိုရင် ကျနော်အချက် နှစ်ချက်နဲ့
ရှင်းပြပါမယ်။ ပထမ တစ်ချက်က မြန်မာပြည်ရှိ မွတ်စလင်မ်မိသားစုဝင် အတော်များများဟာ သားယောက်ျားလေး
တွေမွေးလာရင် ဟာဖွီဇ်ဆပ်လေး မော်လ၀ီဆပ်လေးဖြစ်စေချင်ကြကာ အတန်းပညာ သုံးလေးတန်း တတ်ရောက်ပြီးသည့်နောက်
အရဗီကျောင်းသို့ပို့ကာ သာသနာ့အမွေကိုဆက်ခံမည့် သာသနာ့ပညာရှင်များ ဖြစ်လာကြရန်မျှော်လင့်နေခဲ့ကြပါတယ်။
ထို့ကြောင့်အနာဂတ်ကို ဦးဆောင်မယ့်သူတစ်ချို.ဟာ အရဗီကျောင်းတွေမှာ သာသနာ့ပညာတွေကို
လေ့လာဆည်းပူးရန် ရောက်နေခြင်းကြောင့်ပါပဲ။ အရဗီကျောင်းတတ်နေတဲ့ ကျောင်းသားတွေဟာ တစ်ခြားအသက်မွေးဝမ်းကြောင်း ပညာရပ်တွေကို ကျွန်ုပ်တို့ကသာ သင်ပေးခဲ့မယ်ဆိုရင် အချိန်တိုအတွင်းမှာ ကျွမ်းကျင်စွာ
နာယူတတ်မြှောက် လာနိင်တယ်ဆိုတာ ကျနော်ယုံကြည်ပါတယ်။အသက်မွေးဝမ်ကြောင်းပညာတစ်ခုခုကို တတ်မြှောက်ထားမယ်ဆိုရင် ဟာဖီဇ်ကျောင်း မော်လ၀ီကျောင်း တတ်ရောက်ပြီးဆုံးသည့်နောက်ပိုင်းတွင် ဆိုက္ကားသမားရဲ့ဘ၀၊ကူလီသမားရဲ့ဘ၀တွေကနေ လွတ်မြောက်ပြီး ပညာရှင်တစ်ယေါက်ပီပီ လူပုံအလှည်မှာ သိက္ခာရှိစွာနဲ့ လျှောက်လမ်းနိုင်မှာဖြစ်ပါတယ်။ ဒုတိယ တစ်ချက်ကတော့ အစ္စလာမ်ဆိုတာဟာ ငြိမ်းချမ်းရေးပြုလုပ်ခြင်း၊အလ္လာဟ်အရှင်မြတ်၏အမိန့်တော်တွေကို လိုက်နာခြင်း ဖြစ်တာကြောင့် အစ္စလာမ်ရဲ့အရှိတရားတွေကို
လက်ခံယုံကြည်ပြီး ယနေ့မွတ်စလင်မ်အဖြစ် ရပ်တည်ခံယူထားကြတဲ့ ကျွန်တော်တို့မွတ်စလင်မ်တွေဟာ ပြည့်ဝတဲ့ငြိမ်းချမ်းရေးတွေ ကျွန်ုပ်တို့ဆီမှာလဲရှိရမယ်၊ အများသူငှာတွေကိုလည်း အေးမျှမူတွေပေးနိုင်ရန်အတွက် ဘက်စုံမှာ
သာလွန်ထူးကဲမူတွေရှိထားရမှာဖြစ်ပါတယ်။ သို.မှသာလျှင် ကျွန်ုပ်တို့ဟာ ကမ္ဘာကြီးရဲ့တစ်စိတ်တဒေသကို အေးမြမူတွေ
ပေးရာလည်းရောက်ပြီး အနန္တမဟာဂရုဏာတော်ရှင် အလ္လာဟ်အရှင်မြတ်၏အမိန်တော်များကိုလည်း လိုက်နာရာရောက်မှာ
ဖြစ်တယ်။ ထို့ကြောင့် လက်ရှိအရဗီကျောင်းတွေရဲ့ပညာရေးကို လေ့လာကြည့်တဲ့အချိန်မှာတော့ တစ်ခြားနိုင်ငံတွေရဲ့ပညာရေးတွေနဲ.အလွန်ကွာဟနေတာကို သတိချပ်မိပါတယ်။ကွာဟတဲ့ အကြောင်းရင်းကတော့
နည်းပညာစနစ်တွေ အလွန်ထွန်းကားနေတဲ့ခေတ်ကြီးမှာ ကွန်ပျူတာ အင်တာနက်ကိုမသုံးတတ်ခြင်း၊ မသိခြင်းအားဖြင့်
သာသနာ့ပညာရပ်များကို လေ့လာသင်ယူရာမှာ အလွန်နှေးကွေးနေရတာဖြစ်ပါတယ်။ဥပမာ-ဆိုရသော် ကျမ်တော်မြတ်ကုရ်အာန်ထဲကသော်လည်းကောင်း ဟဒီးစ်ကျမ်းကြီး ၆ ကျမ်းထဲမှ ကျမ်းတစ်ကျမ်းဖြစ်တဲ့
ဗိုခါရီကျမ်းကနေသော်လည်းကောင်း အကြောင်းအရာတစ်ခုခုနဲ့ပတ်သက်ပြီး သိချင်လို့ပြန်လေ့လာတော့မယ်ဆိုရင် စာအုပ်ကြီးငယ် ရှာဖွေကာ စန်းတ၀ါးဝါးဖြင့် အချိန်တွေကုန် အခက်ခဲတွေနဲ့ ရင်ဆိုင်နေရတာ ကျွန်ုပ်တို့အားလုံးအသိပါပဲ။ အကယ်၍ ကွန်ပျူတာကို အသုံးပြုတတ်မယ်၊ စီဒီလေ့လာတာတွေကိုသိရှိထားမယ်၊ အင်တာနက် အသုံးပြုတာတွေကို
သဘောပေါက်နားလည်ထားမယ်ဆိုရင် ၅မိနစ်အတွင်းမှာ မိမိသိချင်တာတွေကို သိနိုင်မှာဖြစ်ပါတယ်။ အားလုံးပဲ နှိုင်းယှဉ်စဉ်းစားကြည့်ကြပါ။ အဲသည်လိုလွယ်ကူမူတွေကို ကျောင်းသားတွေအားလုံးက သိထားတတ်ထားကြမယ်ဆိုရင်
ဘယ်လောက် ပျော်ရွှင်ကြည်နူးဖို့ကောင်းသလဲ။ quran.noble@gmail.com ဆိုတာလေးကို မိမိ Gtalk အထဲမှာ Invite
လုပ်ထားလိုက်မယ်ဆိုရင် မိမိသိချင်တဲ့ကုန်အာန်ထဲက စူရာဟ်နဲ့ အယသ်နံပါတ်လေးကိုသာ ရိုက်ထည့်ပြီးမေးလိုက်ရင် သူက ရအဓိပ္ပါယ်နှင့်တကွ ရှင်းလင်းပေးတာကို ၀မ်းမြှောက်ပျော်ရွှင်စွာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ထို့အတူပဲ ကျမ်းတော်မြတ်ကုရ်အာန်ကို အလွတ်ကျက်နေတဲ့ ဟာဖွီဇ်တွေအတွက်လည်း ကုရ်အာန်အရဗီစာသားကို ကျက်ရင်း စူရာဟ်တွေရဲ.အမည်နဲ့ အဓိပ္ပါယ်တွေကိုပါ သိရှိနားလည်ပြီး တစ်ခါတည်းမှတ်သွားလို့ရတဲ့နည်းစနစ်တွေ ယနေ့ကမ္ဘာမှာ သုံးနေပါပြီး၊ဒါတွေမကသေပါဘူး မိမိကျက်နေချိန်မှာ မိမိရဲ့အသံနေအသံထားကို ပြုပြင်လေ့ကျင့်ယူလို့ရတဲ့ စနစ်တွေလည်းရှိသေးပါတယ်။ အခုလိုအလွန့်အလွန်လွယ်ကူ မြန်ဆန်တဲ့နည်းစနစ်တွေကို အသုံးပြုတတ်ဖို့က ကွန်ပျူတာကို သုံးတတ်ရမယ်၊အင်္ဂလိပ်စာပေကိုလည်း နားလည်ရမှာဖြစ်ပါတယ်။
အရဗီကျောင်းတွေမှာ ပညာသင်ယူဆည်းပူးပြီးနောက် ဘွဲ့လက်မှတ်မပေးခင်အရင် ဘယ်သူဟာ ဘယ်အလုပ်မျိုးကို ၀ါသနာပါသလဲ ၀ါသနာပါရာကို ကျွမ်းကျင်စွာတတ်မြောက်သည့်အထိ သင်ယူဆည်းပူမှသာလျှင် ဘွဲ့လက်မှတ်ကို ပညာရပ်ထူးချွန်အောင်လက်မှတ်နှင့်အတူ အပ်နှင်းခဲ့မယ်ဆိုရင်တော့ ကျနော့တို့ ညီနောင်တွေအတွက် အလွန်မှအဖိုးတန်သော အောင်မြင်မူတွေကို ပိုင်ဆိုင်ပြီး မွေးရပ်ဇာတိ မိမိအိမ်သို့ပြန်နိုင်မှာဖြစ်ပါတယ်။
မှတ်ချက် ။ ။(၁)ကွန်ပျူသုံးတတ် အင်တာနက်သုံးတတ်တာဟာ ကွန်ပျူတာအင်တာနက်ပေါ်၌ ဖဲရိုက်ဂိမ်းကစားဖို့မဟုတ်ပါဘူး။ ဂျီတော့ပ်တွေမှာ အဓိပ္ပါယ်ကင်းမဲ့သော အလုပ်ကိစ္စတွေကိုလုပ်ပြီး အချိန်ဖြုန်းတီးနေဖို့အတွက်မဟုတ်ပါဘူး။ ၀က်ဘ်ဆိုဒ်တွေမှာ မကောင်းသော အာရုံခံကိစ္စတွေကို ကြည့်ရှူလေ့လာနေဖို့အတွက်မဟုတ်ပါဘူး။
(၂)၀ါသနာပါရာ အလုပ်ဟုဆိုရာ၌ ဥပမာ-ကွန်ပျူတာ အင်တာနက်နှင့်သက်ဆိုင်သောပညာရပ်များ၊ အီလက်ထရောနစ်ပစ္စည်းများဖြစ်တဲ့တီဗွီ၊ကက်ဆက်၊ရေဒီယို၊ဗီစီဒီ၊ဒီဗီဒီ၊ရေဒီယို၊ရေခဲသေတ္တာ၊မီးပူ၊
ထမင်းပေါင်းအိုး၊အ၀တ်လျှော်စက်၊အဲယာကွန်း၊တယ်လီဖုန်း၊ဟမ်ဖုန်၊နာရီ အစရှိသည်ဖြင့် အီလက်ထရောနစ်ပစ္စည်းပြုပြင်ခြင်းအတတ်ပညာများ၊ စားသောက်ဆိုင်လုပ်ငန်းများ၊အချက်အပြုတ်အတတ်ပညာလုပ်ငန်းများ၊စာရင်းဇယားပြုစုနည်းအတတ်ပညာ
များ၊ကုန်ထုပ်လုပ်မူ
အတတ်ပညာများ၊ဘာသာစကား သင်ကြားပို့ချမူအတတ်ပညာများနှင့် ကောင်းမွန်သော အတတ်ပညာအားလုံးကိုဆိုလိုထားခြင်းဖြစ်ပါသည်။ မိတ်ဆွေအားလုံးကို အထူးကျေးဇူးတင်လျှက်——-